ဘာသာစကားရွေးချယ်
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် လွန်စွာဆိုးဝါးလျက်ရှိနေပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင် လျက်ရှိသော နယ်စပ်ဒေသများတွင် ဆယ်စုနှစ်(၆)ခုတိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်း စစ်ပွဲများဖြစ်ပွားနေဆဲဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ်က လွှမ်းမိုး ချုပ်ကိုင်နေဆဲပင်ဖြစ်ပြီး စစ်တပ်က အမျိုးသမီးများနှင့် လူမျိုးစု တိုင်းရင်းသားများကို ပစ်မှတ်ထားကာ မုဒိမ်းကျင့်ခြင်း၊သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းနှင့် ကျေးကျွန်သဖွယ်ပြုမူခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ဆဲဖြစ်သည်။ ဆက်ဖတ်ရန်....
tj2
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၏ လူ့အခွင့်အရေးအစီအစဉ်သည် မြန်မာပြည်သူလူထု အတွင်း လူ့အခွင့်အရေးယဉ်ကျေးမှု ကျယ်ပြန့်ထွန်းကားလာရန် ရည်မှန်းလုပ်ဆောင်နေလျက်ရှိပါသည်။ လူထုအနေဖြင့် ၄င်းတို့၏ အခွင့်အရေးများသိရှိစေရန်နှင့် ချိုးဖောက်ခံရမှုများကို ကိုယ်တိုင်တောင်းဆို တိုက်ပွဲဝင်မှုများ လုပ်ဆောင်နိုင်စေရန်အဓိကရည်ရွယ်၍ လူထုအတွင်း လူ့အခွင့်အရေးနှင့်ဆိုင်သော အယူအဆအသိပညာများ၊ သတင်းအချက်အလက်များကို နည်းအမျိုးမျိုးဖြင့် ဖြန့်ဖြူးပညာပေးနေပါသည်။hr3
ကလေးအခွင့်အရေးအစီအစဉ်သည် ကလေးများအပါအ၀င် အများပြည်သူလူထုအကြား ကလေး အခွင့် အရေးကို မြင့်တင်ရန်အတွက် ကလေးအခွင့်အရေးများကို ကာကွယ်ရန်နှင့် ကလေးများ ၄င်းတို့၏ အခွင့်အရေးများကို ပြည့်ဝစွာ ခံစားနိုင်ရန်တို့အတွက် မြန်မာလူမှု အသိုင်းအ၀ိုင်းအလွှာစုံနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန်ရည်ရွယ်သည်။ch2
အမျိုးသမီးအခွင့်အရေးနှင့် လိင်ကွဲပြားမှုအပေါ်အခြေခံ၍ မြင်သည့်အမြင် အစီအစဉ်သည် မြန်မာနိုင်ငံ လူထုလူမျိုးအသီးသီးအကြားတွင် ကျား၊ မ တန်းတူညီမျှမှုရှိစေရန်ရည်ရွယ်ချက်ဖြင့် လိင်ကွဲပြားမှုပေါ် အခြေခံ၍ မြင်သည့်အမြင်များဆိုင်ရာ ပညာပေးလုပ်ငန်းများကို အမျိုးသမီး၊ အမျိုးသားအကြားတွင် လုပ်ဆောင်လျှက်ရှိသည်။ လူ့အခွင့်အရေးနှင့် ကျားမတန်းတူမှု အနှစ်သာရများကို ရရှိခံစားစေ နိုင်ရန်နှင့် လူမှုအသိုင်းအ၀ိုင်း ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်လာမှုရှိစေရန် အမျိုးသမီးများနှင့် လိင် စိတ်ခံယူမှုကွဲပြားသူများအကြားစွမ်းရည်မြင့်တင်ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်လျှက်ရှိ သည်။gender1
placemap_399_299_95trainerlis_396_300_95

cs_irra မြန်မာနိုင်ငံမှာ စစ်အစိုးရခေါင်းဆောင်တွေက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကော်မတီဖွဲ့ပြီး အစည်းအဝေးကျင်းပနေတာ (၁၀) ကြိမ်မြောက် ရှိသွားပြီလို့ ဩဂုတ်

Read more...

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
သြဂုတ်လ ၉ ရက်၊ ၂၀၁၀ ခုနှစ်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ် စားလှယ် မစ္စတာကင်တားနားသည် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြည်ပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများနှင့် ထပ်မံတွေ့ဆုံခဲ့သည်။

Read more...

quitabanမြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကြည့်ရင် War Crimes လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုနဲ့ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်တည်ခွင့်ကို ဆန့်ကျင်တဲ့

Read more...

ရာဇ၀တ်မှုတွေကိုစစ်ဆေးတဲ့ The Hague မြို့ကခုံရုံးမြန်မာစစ်အစိုးရ ဟာ War Crimes စစ်ရာဇဝတ်မှု နဲ့ Crimes against Humanity လူအမြာက် အများ ကို ရာဇဝတ် မှု ကျူးလွန် မှု တွေ လုပ်ဆောင် ခဲ့ တာ ရှိ မရှိ ကုလသမဂဿဂ အနေနဲ့ စုံစမ်းစစ်ဆေး ရေး ဝင်ပါလို့

Read more...
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)
PDF Print E-mail

| ရည်မှန်းချက် | မျှော်မှန်းချက် | ရည်ရွယ်ချက် |

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၀၀ ခုနှစ် တွင် စတင်ထူထောင်ခဲ့ပါသည်။ လူထုအခြေခံ အဖွဲ့အစည်းများနှင့် ရပ်ရွာလူထုများအတွက် သင်တန်းများနှင့် လှုံ့ဆော်မှုများစွာကို အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိပါသည်။ ရပ်ရွာလူထု ခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ် ကွဲပြားနေသူများနှင့် လူငယ်များကို လူ့အခွင့်အရေးပညာပေးသူများ ဖြစ်လာစေရန် အတွက် စွမ်းရည်မြှင့်ပေးနိုင်သော ပူးပေါင်းပါဝင် လေ့လာသည့် နည်းလမ်းဖြင့် ပို့ချလုပ်ဆောင်လျက် ရှိပါသည်။

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)သည် မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့ အစည်းများအတွင်း လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက်ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေး သင်တန်းများနှင့် လူ့အခွင့်အရေးပညာပေးနည်းပြ သင်တန်း များအပြင် ခေါင်းဆောင်မှု၊ အခြားလူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အတတ်ပညာသင်တန်း များကိုပို့ချပေး လျက်ရှိပါသည်။

ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေးပညာပေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပါသည်။

မိမိတို့သည် လူ့အခွင့်အရေးပညာပေးနိုင်ရန်အတွက် ရက်ရှည်၊ ရက်တိုကာလသင်တန်းများကို ပို့ချရုံသာမက လူ့အခွင့် အရေးပညာပေးဆိုင်ရာ စာအုပ်စာတမ်းများနှင့် ပိုစတာများ ထုတ်ဝေခြင်း၊ အလုပ်သင်အစီ အစဉ်များဖြင့် လေ့ကျင့်ပေးခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ လူထုအခြေခံအဖွဲ့အစည်းများအတွင်း တက်ကြွစွာလှုပ်ရှား သူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ်ကွဲပြားနေသူများနှင့် လူငယ်များအနေဖြင့် လူ့အခွင့်အရေးပညာပေးသူများ ကိုယ်တိုင်ဖြစ်ပေါ်လာနိုင် စေရေးအတွက် ပူးပေါင်း ပါဝင်သည့် သင်ကြားမှုနည်းစနစ်ကို အသုံးပြု၍ စွမ်းရည်မြင့်လုပ်ဆောင်ပေးလျက်ရှိပါသည်။

 
နောက်ခံသမိုင်း PDF Print E-mail

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် လွန်စွာဆိုးဝါးလျက်ရှိနေပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင် လျက်ရှိသော နယ်စပ်ဒေသများတွင် ဆယ်စုနှစ်(၆)ခုတိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်း စစ်ပွဲများဖြစ်ပွားနေဆဲဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ်က လွှမ်းမိုး ချုပ်ကိုင်နေဆဲပင်ဖြစ်ပြီး စစ်တပ်က အမျိုးသမီးများနှင့် လူမျိုးစု တိုင်းရင်းသားများကို ပစ်မှတ်ထားကာ မုဒိမ်းကျင့်ခြင်း၊သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းနှင့် ကျေးကျွန်သဖွယ်ပြုမူခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ဆဲဖြစ်သည်။

Read more...
 
below_body_2
video

below_body_3

thai_law

refugees

asean
asean_a

un

88

jor

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)

G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.

email : hreburma@loxinfo.co.th