ဘာသာစကားရွေးချယ်
ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေး စီတန်းလှည့်လည် PDF Print E-mail
Friday, 11 December 2009 05:42

(မင်းလွင်)

၁၂၊ ဒီဇင်ဘာလ၊ ၂၀၀၉

ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးနေ့မှာ ရွှေ့ပြောင်းမြန်မာကျောင်းသား ကလေး များ အပါအဝင် ထိုင်းကလေးတွေပါ မဲဆောက်မြို့ပေါ်မှာ ကလေးကူးသန်းရောင်းဝယ်မှု တားဆီး ရေး အတွက် လူထုက ပါဝင်ကြပါလို့ လှုံ့ဆော်မှုနဲ့ စီတန်းလှည့်လည်တယ်လို့ သိရပါ တယ်။

          မနက် (၈) နာရီကတည်းက မဲဆောက်မြိ့ပိုင်ရုံးကနေ စတင်လမ်းလျှောက်ပွဲမှာ ရွှေ့ ပြောင်း မြန်မာစာသင်ကျောင်း (၄၃) ကျောင်းက ကျောင်းသားကလေးများနဲ့ ထိုင်းအစိုးရ ကျောင်း (၄) ကျောင်းက ကျောင်းသားတွေအပါအဝင် စုစုပေါင်း ကျောင်းသား (၂၀၀၀)ကျော် က ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာပါ။

          အခုလို စီတန်းလမ်းလျှောက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်းသားတဦးက အခုလို ပြောပြပါတယ်။

          “ကလေးတွေကို ကူးသန်းရောင်းဝယ်မှုတွေ မပြုလုပ်အောင်၊ ကူးသန်းရောင်းဝယ်မှုက နေ ကာကွယ်နိုင်ဘို့၊ အဲဒါကို ရည်ရွယ်ပြီးတော့ စီတန်းလမ်းလျှောက်ပြပြီး မသိသေးတဲ့လူတွေ ကို သိအောင် ပြောပြရတာပါ။”

          မြန်မာနိုင်ငံ ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေး (Burma Act) က ဦးဆောင်ပြီး အခုလို လမ်းလျှောက်ပွဲကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ လူ့အခွင့်အ ရေး ပညာပေးဌာန (မြန်မာနိုင်ငံ) က ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ ပြည်တွင်းမှာ စား ဝတ်နေရေး ကြပ်တည်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်ရင်း ထွက်ခွာပြီး ပြောင်းရွှေ့အလုပ်လုပ်ကိုင် နေကြရပါတယ်။

          အဲဒီလို မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေကို လုံလောက်တဲ့ အသိပညာပေးမှုတွေ မရှိတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ လူကုန်ကူးတာတွေ ဖြစ်ရတာပါလို့ ပြော ပါတယ်။

          “ရွှေ့ပြောင်းပြီးတော့ လုပ်ဆောင်တဲ့ Migration ဆိုတဲ့ လုပ်ငန်းကြီးက ကျနော်တို့ ဆီ မှာ ရှိနေပါတယ်။ ရွှေ့ပြောင်းပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့ အခြေအနေတွေက စားဝတ်နေ ရေး ကျပ်တည်းမှု၊ ကိုယ့်ရဲ့တိုင်းပြည်ထဲမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေကြောင့် ဒီဟာ တွေက လူတွေကို ရွှေ့ပြောင်းအောင် ဖန်တီးပေးနေပါတယ်။

          ဒီရွှေ့ပြောင်းမှုကို ဘယ်လိုမှ တားဆီးလို့ မရပါဘူး။ ဒါက ဒီခေတ်ကြီးမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေပါ။ ဒါပေမယ့် လုံလောက်တဲ့ အသိပညာပေးမှု မရှိတာကြောင့် ရွှေ့ပြောင်း တဲ့သူတွေကြားထဲမှာ မသမာသူတွေရဲ့ အမြတ်ထုတ်မှုက လူကုန်ကူးမှု ဖြစ်လာတယ်။

          တချို့နေရာတွေမှာ မိဘတွေကိုယ်တိုင်က ရောင်းစားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတလေ မိသားစုအလိုက် ရောင်းစားခံရတာတွေ၊ နောက်တခုက ကလေးကို ရွှေ့ပြောင်း အလုပ်ရှာရင်းနဲ့ မသမာသူတွေရဲ့လက်ထဲမှာ တွေ့ပြီးတော့ လူကုန်ကူးခံထိတဲ့ အဖြစ်အပျက်တွေက မဲဆောက်ဒေသမှာ ပိုမိုများပြားနေတာကို တွေ့ရပါတယ်။”

          အစိုးရကတော့ အမျိုးသမီးနဲ့ ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးဥပဒေကို ပြ ဌာန်းထားပေမယ့် ဆင်းရဲမှုနဲ့ အကျင့်ပျက် လာဘ်စားတာတွေရှိလို့ ထိထိရောက်ရောက် မလုပ် နိုင်ဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

          ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးအတွက် အစိုးရအနေနဲ့ ထိရောက်စွာ မလုပ် နိုင်ပေမယ့် လူတိုင်းလူတိုင်း ဝိုင်းဝန်းလုပ်ကိုင်ခြင်းဖြင့် ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မယ်လို့ ပြောပါတယ်။

          “မဲဆောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ အစိုးရရဲ့ အ ရေးယူဆောင်ရွက်မှုက တော်တော်ကို အားနည်းပါတယ်။ မြန်မာအစိုးရကလည်း ထိထိရောက် ရောက် မလုပ်ပေးနိုင်ဘူး။ ထိုင်းအစိုးရကလည်း သူတို့နိုင်ငံသားမဟုတ်တဲ့အတွက် သူတို့ကြား ထဲမှာ ပညာပေးမှုတွေ အရမ်းအားနည်းနေတယ်။

          အစိုးရဲ့ အရေးယူဆောင်ရွက်မှုမရှိပေမယ့် လူတိုင်းလူတိုင်းက ကလေးကူးသန်းရောင်း ဝယ်မှုကို ဝိုင်းဝန်းတားဆီးတဲ့ စိတ်ဓါတ်တွေ၊ ဝိုင်းဝန်းပြီး ပါဝင်ပေးဘို့ စိတ်ဓါတ်တွေရှိဖို့အတွက် တွန်းချင်ပါတယ်။ ဒါမှသာလျှင် ကလေးကူးသန်းရောင်းဝယ်မှုကို ကျနော်တို့ ပတ်ဝန်းကျင်မှာ ချုပ်ငြိမ်းအောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။”

         

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသွားပါ တယ်။

 

          အထက်ပါမေးမြန်းခန်းမှာ ဒီဇင်ဘာ ၁၂ နေ့တွင် ဒီဗွီဘီမှ ဖော်ပြထားသော မေးမြန်းခန်းဖြစ်ပါတယ
 

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)

G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.

email : hreburma@loxinfo.co.th