| လိင်စိတ် ခံယူမှုကွဲပြားခြင်းနှင့် လိင်သတ်မှတ်မှု | ![]() | ![]() | ![]() |
| လိင်စိတ် ခံယူမှုကွဲပြားခြင်းနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိခြင်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာလူ့အခွင့်အရေးမူဝါဒ သို့မဟုတ် ဂျော့ဂျာကာတာမူဝါဒ (Yogyakarta Principles on the Application of International Human Rights Law in relation to Sexual Orientation and Gender Identity) လူသားတိုင်းတွင် တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိပေသည်။ လူ့အခွင့်အရေးများသည် လူသားအားလုံးနှင့်သက်ဆိုင်ပြီး တခုနှင့်တခု အပြန်အလှန်ဆက်သွယ်နေသည်။ လိင်စိတ်ခံယူမှုကွဲပြားခြင်းနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိခြင်းတို့သည် လူသားများ၏ ဂုဏ်သိက္ခာနှင့် လူသားဖြစ်တည်မှု၏ အစိတ်အပိုင်းတခုဖြစ်သည်။ ထိုအချက်များကြောင့် ခွဲခြားဖိနှိပ်ခြင်းမရှိသင့်ပေ။ လိင်စိတ် ခံယူမှုကွဲပြားသောသူများနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိသောသူများအနေဖြင့် အခြားလူသားများနှင့် တန်းတူ ဂုဏ်သိက္ခာများရှိသလို အခြားသူများရရှိခံစားခွင့်ရှိသော လူ့အခွင့်အရေးများကိုလဲ တန်းတူရရှိခံစားခွင့်ရှိသည်။ ယခုကာလတွင် နိုင်ငံအတော်များများတွင် လိင်စိတ် ခံယူမှုကွဲပြားသောသူများနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိသောသူများအနေဖြင့် တန်းတူအခွင့်အရေးများရရှိစေရန်နှင့် ထိုသူများအပေါ် ခွဲခြားဆက်ဆံခြင်းများမရှိအောင် ကာကွယ်ပေးသည့်လုပ်ဆောင်မှုများကို လုပ်ဆောင်လာလျက်ရှိသည်။ လိင်စိတ်ခံယူမှုကွဲပြားသောသူများနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိသောသူများနှင့်သက်ဆိုင်သည့် လူ့အခွင့်အရေးများ သည် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းများတွင် ပါရှိပြီးသားဖြစ်သည်။ နိုင်ငံများအနေဖြင့် လက်ရှိရှိနေသော နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းများထဲတွင်ပါရှိပြီးဖြစ်သော အခွင့်အရေးများနှင့် အစိုးရ၏ တာဝန်ရှိမှုများကို သေသေချာချာနားလည် သဘောပေါက်မှသာ မိမိနိုင်ငံရှိလူသားတိုင်းကို ခွဲခြားဖိနှိပ်ခြင်းမရှိဘဲ တန်းတူညီမျှခံစားနိုင်အောင်နှင့် ကာကွယ်တိုးမြှင့်အောင်လုပ်ဆောင် နိုင်မည်ဖြစ်သည်။ The International Commission of Jurists ESifh the International Service for Human Rights အဖွဲ့တို့သည် လိင်စိတ် ခံယူမှုကွဲပြားခြင်းနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိခြင်းအပေါ်အခြေခံ၍ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွန်းများနှင့်ဆက်စပ်ချိန်ထိုးထားသော နိုင်ငံတကာဥပဒေမူဝါဒတခုပေါ်ပေါက်လာရန် စတင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုကြိုးပမ်းမှု၏ အကျိုးဆက်ကြောင့် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလ (၆) ရက်မှ (၉) ရက်အတွင်း ထင်ရှား ကျော်ကြားသည့် လူ့အခွင့်အရေးကျွမ်းကျင်သူ (၂၉) ဦး တက်ရောက်ခဲ့သည့် အစည်းအဝေးတခုကို ကျင်းပနိုင်ခဲ့သည်၊ အင်ဒိုနီးရှားနိုင်ငံ ဂျော့ဂျာကာတာမြို့၌ ကျင်းပခဲ့သောထိုအစည်းအဝေးမှနေ၍ လိင်စိတ် ခံယူမှုကွဲပြားခြင်းနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုး ရှိခြင်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာလူ့အခွင့်အရေးမူဝါဒတခု (Yogyakarta Principles on the Application of International Human Rights Law in relation to Sexual Orientation and Gender Identity) ကို ရေးဆွဲနိုင်ခဲ့သည်။ ဂျော့ဂျာကာတာမြို့၌ ကျင်းပခဲ့သောထိုအစည်းအဝေးကိုအစွဲပြု၍ ဂျော့ဂျာကာတာမူဝါဒဟုလည်း အမည်တွင်သည်။ ဂျော့ဂျာကာတာမူဝါဒထဲတွင် လိင်စိတ် ခံယူမှုကွဲပြားခြင်းနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိခြင်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာလူ့အခွင့်အရေးအမျိုးမျိုးပါဝင်နေသည်။ ဂျော့ဂျာကာတာမူဝါဒသည် အစိုးရများအနေဖြင့် လူ့အခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် လုပ်ဆောင်ပေးရမည့်တာဝန်ကို ထပ်မံဖော်ညွန်းထားသည်။ မူဝါဒတခုချင်းစီတွင် အစိုးရကလုပ်ဆောင်ပေးရမည့် အကြံပေးချက်များကို ဖော်ပြရေးသားထားသည်။ |
လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)
G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.