နေ့စွဲ - ဧပြီလ ၂၆ ရက်၊ ၂၀၀၇ခုနှစ်
လူ့အခွင့်အရေးပညာပေးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့တို့ ပူးပေါင်း ၍ယနေ့ထုတ်ဝေလိုက်သောအစီရင် ခံစာတွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသ မီဇိုရမ်ပြည်နယ်ရှိ မြန်မာ နိုင်ငံမှ ဒုက္ခသည်များနှင့် အလုပ်သမားများသည် ဒေသခံများ၏ ဖိနှိပ်ခွဲခြားခံရမှုအမျိုးမျိုးကို ရင်ဆိုင်ကြုံ တွေ့နေရကြောင်း ဖော်ပြထားသည်။ ယနေ့ထုတ်ဝေလိုက်သော ``လက်ကမ်းမကြို တောင်တန်းပေါ်က ဧည့်သည်များ´´(Surviving on the Unwelcoming Hills) အစီရင်ခံစာတွင် မီဇိုရမ်ပြည်နယ်ရောက် မြန်မာ နိုင်ငံသားများသည် လုံခြုံရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲများကိုရင်ဆိုင်နေရရုံသာမကအလုပ် သမားများအပေါ် လုပ်အားအမြတ်ထုတ်မှုနှင့် လုပ်ငန်းခွင်မလုံခြုံမှုများကြုံတွေ့ နေရသည်ဟုဆိုထားသည်။
လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)
G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.